သထုံ ၊ ဇူလိုင် ၊ ၈
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လူကုန်ကူးမှု အန္တရာယ်ကို ပြည်သူအများ သတိပြုနိုင်စေရေး အတွက် “လူကုန် ကူးကာကျွန်ပြုခြင်း၊ အမြစ်ဖြတ်အပြတ်ရှင်း” စာတမ်းပါ လှုံဆော်ပညာပေး မြေစိုက်ပိုစတာကို ဇူလိုင်လ ၈ ရက်နေ့၊ နံနက် ၇ နာရီက ရွှေစာရံစေတီနှင့် အဝေးပြေးကားဝင်း အရှေ့တွင် စတင်စိုက်ထူထား ရှိကြောင်း သိရသည်။ ယင်းမြေစိုက်ပိုစတာအား သထုံခရိုင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်သန်း နှင့် မြို့နယ်လူကုန် ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့ (၃၉)၊ မော်လမြိုင် မှ တပ်ဖွဲ့စုမှူး ရဲမှူး အေးသိန်း က “လူကုန်ကူးခံရခြင်းက လူ့အခွင့် အရေးကို အကြီးမား ဆုံး ရှုံးဆုံးစေပါတယ်၊ ကျွန်တော်တို့ မွန်ပြည်နယ်အတွင်းမှာတော့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့က ယနေ့အချိန်ထိတော့ လူကုန်ကူးမှု ၂ ခုကို တားဆီးနှိမ်နင်းအရေးယူနိုင်ခဲ့ပါတယ်” ဟု ပြောကြားသည်
No comments:
Post a Comment