တရားမ၀င်နှစ်လုံးထီလောင်းကစားဒိုင်ပြုလုပ်သူဖမ်းဆည်းအရေးယူ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄... http://www.facebook.com/MOIWebportalMyanmar/posts/520674611393743
သထုံမြို့နယ်တွင် တရားမ၀င်နှစ်လုံး၊ သုံးလုံး လောင်းကစားဒိုင်ပြုလုပ်သူအား လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ လက်ရ ဖမ်းဆည်းမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန်လ ၁၁ ရက်နေ့၊ ညနေ ၃ နာရီခွဲအချိန်က လောင်းကစားသတင်းအရ သထုံမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်တင့်လွင် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သိမ်ကုန်းရပ်ကွက်၊ မြသပိတ်ဘုရားလမ်းရှိ အမှတ်(၃၅၅) အိမ်ခြံဝင်းထောင့် ဈေးဆိုင် အနောက်ခန်း တွင် ၀င်ရောက်ရှာဖွေရာ သိမ်ကုန်းရပ်ကွက်၊ ကျုံးကြီးလမ်းတွင်နေထိုင်သူ အသက် (၃၃) နှစ်ရှိ ကိုမျိုးမြင့်အောင်(ခ)ပန်းသီး အား နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် စာရွက်စာတမ်းများ သက်သေခံပစ္စည်းများနှင့်အတူ လက်ရဖမ်းဆည်းမိခဲ့ရာ အဆိုပါ တရားမ၀င် နှစ်လုံး၊ သုံးလုံး လောင်းကစားဒိုင်ပြုလုပ်သူအား သထုံမြို့မရဲစခန်းမှ (ပ)၁၃၆/၂၀၁၄၊ လောင်းကစား ဥပဒေနှင့်ပုဒ်မ -၁၅(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်
Posted via Blogaway
No comments:
Post a Comment