Monday, June 23, 2014

သထုံမြို့ကွန်ပြူတာတက္ကသိုလ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဟောပြော

သထုံ ဇွန် ၂၃

ကျောင်းသား/ကျောင်းသားများ အနေဖြင့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိရှိနားလည်ပြီး ရှောင်ရှား နိုင်စေရန် အတွက် ၂၀၁၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းတို့ကို ဇွန်လ ၂၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီက ကွန်ပျူတာ တက္ကသိုလ်(သထုံ)၏ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် ကျောင်းအုပ်ဆရာကြီး ဒေါက်တာဝင်းဌေး တို့က အမှာစကား ပြောကြားပြီး သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စောလင်းက လူငယ်များနှင့် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ များကိုလည်းကောင်း၊ ဒုတိယ ခရိုင်ဥပဒေအရာရှိ ဒေါ်တင်နီလာခိုင်က မူးယစ်ဆေးဝါး ပြစ်မှုများနှင့် ပတ်သတ်သည့် ဥပဒေဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များကိုလည်းကောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲစု(၃၈) မော်လမြိုင် တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး နိုင်ထန်းမနားက မြန်မာနိုင်ငံအတွင်း မူးယစ်ဆေး စတင်ရောက်ရှိလာပုံ နှင့် မူးယစ်ဆေး ဖမ်းဆီးနှိမ်နင်းရေး လုပ်ငန်းများအကြောင်းတို့ကို ရှင်းလင်း ပြောကြားကြသည်။

အဆိုပါ အခမ်းအနားတွင် ကွန်ပျူတာ တက္ကသိုလ်(သထုံ)မှ ကျောင်းသား ကျောင်းသူ ၅၅၀ ဦးတို့ တက်ရောက်ခဲ့ကြပြီး မူးယစ်ဆေးဝါးဆိုင်ရာ ပညာပေး ပန်းချီ၊ ဆောင်းပါး၊ ကာတွန်းနှင့် ဓါတ်ပုံများကို ခင်းကျင်းပြသထားကာ ပညာပေး လက်ကမ်းစာစောင်များ ကိုလည်း ဝေငှပေးခဲ့ကြောင်း သိရသည်

No comments:

Post a Comment